(သြဝါဒါစရိယဆရာတော်ကြီးများ၊ ဒေသအတွင်းရှိစာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများ၊ စာချဆရာတော်များ သိသာရန်အတွက် မန္တလေး (သကျသီဟ) အသင်းကြီးပုစ္ဆာများကို နမူနာ အဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။)
ပထမဆင့် ဝိနည်းမဟာဝါ ပါဠိတော်မေးခွန်း
၁။ ”အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ”၌ အဿဝနတာ-ကို နာမ်ရုပ်အကျဥ်းတွက်ပြီးလျှင် ဓမ္မဿ-၌ မည်သည့်သုတ်ဖြင့်၊ မည်သည့်အနက်၌၊ မည်သည့်ဝိဘတ်သက်ထားသည်ဟု ညွှန်ပြခဲ့ပါ။
၂။ ”ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ” ၌ ကာဟသိ-ကို အာချာတ်ရုပ်ကျဥ်းတွက်ပြီးလျှင် ၄င်း၌ ဓာတ်ကိုယူ၍ ဟိယျတ္တနီဝိဘတ် ပရဿပုဒ်ဖြင့် ကတ္တုရုပ် အာချာတပဒမာလာစဥ်ခဲ့ပါ။
၃။ ”သန္တုဌိံ ဝဏ္ဏေမိ” ၌ သန္တုဠိ-အရ ပရမတ္ထသဘာဝ ကောက်ပြ၍၊ ယင်း၏တရားကို ကိစ္စ၊ ဒွါရ၊ ဝတ္ထုတို့ဖြင့် ဝေဖန်ခဲ့ပါ။
၄။ ”ဒိသွာ ပဒံ သန္တမနူပဓိကံ” ၌ ပဒ-အရ ကောက်ပြ၍ ယင်း၏ အာရမ္မဏိက တရား ကိုလည်း ဧကန်၊ အနေကန်အားဖြင့် ခွဲခြားညွှန်ပြခဲ့ပါ။
၅။ သာသနာတော်၌ ”ရှင်ပြုနည်း” ကို ကျမ်းလာအတိုင်း ဖြေဆို၍ ရှင်သာမဏေပြုလုပ်နိုင်သော အသက်အရွယ်ပမာဏကို သတ်မှတ်ပြပြီး၊ သာမဏေများ စောင့်ထိန်းရသောသိက္ခာပုဒ် ၁ဝ-ပါးကိုလည်း ပါဠိတော်လာသည့်အတိုင်း ဖော်ပြပါ။
၆။ သိမ်သမုတ်သောအခါ ထားနိုင်သည့် သိမ်နိမိတ်များကို ဖော်ပြ၍၊ ဆွမ်းခံအိမ်၌ သားရေကြက်ထားသော ကုလားထိုင်ပေါ် ရဟန်းသာမဏေများ ထိုင်လျှင် အပ်/မအပ်ဆုံးဖြတ်ခဲ့ပါ။
၇။ ဝါဆိုဝါကပ်ရခြင်းအကြောင်းကို အကျဥ်းချုပ်ထုတ်ပြပြီးလျှင် ဝါကပ်ရန် မသင့်သောနေရာများကိုလည်း ဒေသနာလာအတိုင်း ဖော်ပြခဲ့ပါ။
၈။ သီလပျက်စီးသူတို့ ရရှိမည့်အပြစ် (၅)မျိုးကိုဖြေဆို၍၊ သံဃိကသင်္ကန်းဝေဖန်သောအခါ၊သာမဏေတို့ ရထိုက်သောအဖို့ကိုရေးပြီး၊ သာမဏေ၏ မတသန္တကဖြစ်သော သင်္ကန်းသံဃိက ဖြစ်/မဖြစ်ကိုလည်း ပါဠိတော်နှင့်အညီ ဆုံးဖြတ်ခဲ့ပါ။
၉။ အောက်ပါ ပါဠိတော်ကို မြန်မာစကားပြေ ပြန်ဆိုပါ။
”တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော ဃရဒိန္နကာဗာဓော ဟောတိ၊
ဘဂဝတော ဧတမတ္ထံ အာရောစေသုံ၊ အနုဇာနာမိ ဘိက္ခဝေ သီတာလောဌိံ ပါယေတုံ။”
၁ဝ။ အောက်ပါ မြန်မာစကားပြေကို ပါဠိဘာသာပြန်ဆိုပါ။
”ယနေ့ ဗိုလ်ချုပ်ကြီးသီဟသည် ဝသော ကျွဲနွားစသော သတ္တဝါကို သတ်၍ ရဟန်း ဂေါတမအား ဆွမ်းကျွေးခြင်းကိုပြုအပ်၏။ ရဟန်းဂေါတမသည် ရည်ညွှန်း၍ သတ်အပ် သောအသားကို သိလျက် ဘုဥ်းပေး၏။”
ဒုတိယဆင့် ဝိနည်းစူဠဝါ၊ ပရိဝါပါဠိတော်မေးခွန်း
၁။ ” လဟုကာ အာပတ္တိ ” ၌ လဟုကာ-ကို သန္ဓိရုပ်ပြီးပုံပြ၍၊ ”ယာဝတိကာ ဘိက္ခူ ကမ္မပ္ပတ္တာ” ၌ ယာဝတိကာ-ကို တဒ္ဓိတ်ဝိဂဂ္ဂဟပြုခဲ့ပါ။
၂။ ”သတိဝိနယဿ ကမ္မဿ ကိရိယာ” ၌ ကမ္မဿ-ကို မည်သည့်အနက်၌ မည်သည့်ဝိဘတ် သက်ထားသည်ကို ပြဆို၍၊ ဧကံသံ၊ ဥတ္တရာသင်္ဂံ-ကို သမာသဝစနတ္ထပြုပြီး၊ ”ဧသာ ပဥှာ ကုသလေဟိ စိန္တိတာ” ကိုလည်း ကတ္တားဟောဝါကျ ပြောင်းခဲ့ပါ။
၃။ ” ဘိက္ခူ သရဘညေ ကုဣစ္စာယန္တိ ”ဝါကျ၌ ကုဣစ္စာယန္တိ-၏ အန္တတ္ထကို ဖော်ပြ၍” အဓိဝါသေတု မေ ဘန္တေ ဘဂဝါ သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေန” ၌ မေ-ပုဒ်အရ ဖြစ်သင့်သော ပရမတ္ထနာမ်တရားများကို တိကျအောင် ကောက်ပြခဲ့ပါ။
၄။ (၃)နံပါတ်လာ အဓိဝါသေတု-စသော ဝါကျစကားအရ ဖြစ်သင့်သော ဝီထိချပြ၍၊ ၄င်းဝီထိ၌ ေ့ရှနောက်ဖြစ်နိုင်သော ဘဝင်စိတ်တို့ကိုလည်း ရေးခဲ့ပါ။
၅။ ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့်သောရဟန်းသာမဏေနှင့်မဖြည့်ကျင့်သော ရဟန်းသာမဏေတို့ ရရှိအပ်သော အကျိုးအပြစ်တို့ကိုဖော်ပြပြီး၊ ခြောက်ခုမြောက် သာသနာတော်၏ အံ့သြဖွယ်ကို ဥပမာဖြင့် ရှင်းလင်းဖော်ပြပါ။
၆။ သာသနာတော်တွင် ပထမဆုံး ကျောင်းဒကာနှင့် ယင်းဒကာ၏အကောင်းဆုံးလှူနည်းနှင့် သံဃာတော်များ၏ တာဝန်ရှိရှိ အသုံးပြုနည်းများကို စုံလင်စွာဖော်ပြ၍၊ ဆရာ့တာဝန် နှင့်ဒကာ့တာဝန်တို့ကိုလည်း ညွှန်ကြားခဲ့ပါ။
၇။ သပိတ်ကိုလွယ်ကာ, ဖိနပ်စီး ထီးဆောင်းလျက် ဆွမ်းခံသောရဟန်း၏ သင့်/မသင့်သောအမှုအရာကို အချက်ကျကျ အပြစ်ပြ ဝေဘန်ပြီးနောက် တောရ ဆောင်တည်သော ရဟန်းတို့ တတ်ရမည့်အတတ်ကို ဖော်ပြပါ။
၈။ ”သီလစောင့်ရန်မလို”ဟု ထင်သူများ သီလစောင့်ချင်စိတ်ပေါက်လာအောင် သီလအကျိုးကို ကျိုးကြောင်း ဆက်စပ်ညွှန်ပြ၍၊ မေတ္တာကာယကံ, မေတ္တာဝစီကံ စီမံပေါ်လွင်ပုံကိုပုံစံ တစ်ခုစီ ထုတ်ပြခဲ့ပါ။
၉။ အဆုံးပါဒ၌ အဓိပ္ပါယ်ပေါ်လွင်အောင် အောက်ပါဂါထာကို အနက်ယောဇနာခဲ့ပါ။
ယဿန္တရတော န သန္တိ ကောပါ၊
ဣတိ ဘဝါဘဝတဉ္စ ဝီတိဝတ္တော။
တံ ဝိဂတဘယံ သုခိံ အသောကံ၊
ဒေဝါ နာနုဘဝန္တိ ဒဿနာယ။
၁ဝ။ အောက်ပါ မြန်မာစကားပြေကို ပါဠိဘာသာ သီကုံးပါ။
”ဒုက် ကြိမ် ချွန်းတို့ဖြင့် ဆင်ကို အချို့က ဆုံးမကြ၏။ မြတ်စွာဘုရားသည်ကား ဒုက် ဓား မပါဘဲ (နာဠာဂိရိ)ဆင်ကို ဆုံးမတော်မူ၏။”
တတိယဆင့် ဝိနည်းပါရာဇိက၊ ပါစိတ္တိယပါဠိတော်မေးခွန်း
၁။ ”အာနေဉ္ဇပ္ပတ္တေ” ၌ အာနေဉ္ဇ-ပုဒ်ကို ပုဒ်+ဓာတ်+ပစ္စည်းရနိုင်သမှ ခွဲပြ၍၊ အညတြ သမာယာ-၌ သမယာ-ကို ကာရကရုပ်ကျဥ်းတွက်ကာ၊ ဥဒုက္ခလ-ပုဒ်ကို ဝိဂဂ္ဂဟပြုခဲ့ပါ။
၂။ အဎ္နာမဟဒ¨နာ-၌ ”အဎ္နာ”ကို ဓာတ်+ပစ္စည်းခွဲပြ၍ ၄င်း၌ ဓာတ်ကို ယူ၍ ဝတ္တမာန်ပရဿပုဒ် သုဒ¨ကတ္တုရုပ် အာချာတပဒမာလာစဥ်ပြီး၊ အပိစ သော ဒေယျဓမ္မော- ၌ ”အပိစ” ကို သဒ္ဒါနည်း စာစပ်ပြပါ။
၃။ ”သာ တေန ဂဗ္ဘံ ဂဏှိ” ၌ ဂဗ္ဘ-အရ ကောက်၍၊ ယင်းကို အာရုံအားဖြင့် အပြည့်အစုံဝေဖန်ပြပြီး၊ အာယတနဖွဲ့ပြခဲ့ပါ။
၄။ ”ရာဂါ စိတ္တံ ဝိနီဝရဏတာ” ၌ စိတ္တံ အရကောက်၍၊ ယင်းကို သမ္ပယုတ်, အာရုံအားဖြင့် ဝေဖန်ပြီး၊ ဝီထိပုံစံချပြုလျက်၊ ”ပထမံ စိတ္တံ ဥပ္ပန္နံ” ၌ စိတ္တံ အရ တရားက ဥပ္ပန္နံအရ တရားအား ကျေးဇူးပြုနိုင်သော ပဠာန်းပစ္စည်းသရုပ်ထုတ်ပြပါ။
၅။ သူတပါးပိုင်ကျောင်းကို (က) တရားစွဲသောရဟန်း၊ (ခ ) စောဒကကို အနိုင်ဆုံးဖြတ်ပေးသော(ဝိနည်းဓိုရ်၊ကူဋသက်သေ)ရဟန်းများအား သင့်ရောက်သောအာပတ်များကိုဖော်ပြပါ။
၆။ အိမ်ရှင်မအား ဆွမ်းခံထိုင်ကိုယ်တော်က ကိုယ်ဝန်ကျဆေးပေးရာ
(က) ကိုယ်ဝန်ပျက်သော်
(ခ) အိမ်ရှင်မသေသော်
(ဂ) နှစ်ဦးလုံးမသေသော် ထိုင်ကိုယ်တော်အား သင့်သောအာပတ်များကိုဖော်ပြ၍၊ ရန်သူထင်၍ သတ်ရာ မိတ်ဆွေကို သတ်မိသောရဟန်းအား အာပတ် သင့်/မသင့် အတိအကျဆုံးဖြတ်ပြပါ။
၇။ ဝိကာလ၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ကို သုံးဆောင်သောရဟန်းအား သင့်သောအာပတ်ကိုဖော်ပြ၍၊ အောက်ပါ သာရတ္တ ရဟန်းတို့အား သင့်သောအာပတ်တို့ကို ဖော်ပြပါ-
(က) အမျိုးသမီးပတ်ထားသော လက်ပတ်နာရီကို ကိုင်သောရဟန်း၊
(ခ) အမျိုးသမီး၏ လက်မောင်းကို ချီးမွမ်းသောရဟန်း။
၈။ ကထိန်နှုတ်ခြင်းကို ခွင့်ပြုရခြင်း အကြောင်းအတ္ထုပ္ပတ်ကိုရေး၍၊ ကထိန်ထပ်ခင်းခြင်းငှာ ကထိန်နှုတ်ကောင်း/မနှုတ်ကောင်းကိုလည်း ဆုံးဖြတ်ပြပါ။
၉။ အောက်ပါပါဠိတော်ကို မြန်မာဘာသာပြန်ဆိုပါ။
” ယာစကော အပ္ပိယော ဟောတိ ၊ ယာစံ အဒဒ မ္ပေိယော ။
တသ္မာဟံ တံ န ယာစာမိ ၊ မာ မေ ဝိဒေဿနာ အဟု ။ ”
၁ဝ။ အောက်ပါမြန်မာဘာသာကို ပါဠိဘာသာပြန်ဆိုပါ။
” အဘယ်ကြောင့် အရှင်ကောင်းတို့သည် ငါ ဖိတ်ထားပြီး ဖြစ်ပါလျက် တခြား၌ စားကုန်ဘိသနည်း။ ငါသည်လည်း အလိုရှိတိုင်း လှူရန် မစွမ်းနိုင်သလော။”
ပထမဆင့် ဝိနည်းမဟာဝါပါဠိတော်မေးခွန်း
” အဖြေ ”
၁။ အဿဝနတာ-ကို အဿဝနတာ-တည်၊ အာလပနေ စ-သုတ် စသဒ္ဒါဖြင့် ကရိုဏ်းဝိဘတ် ၏ ဟိတ်အနက်၌ ပဌမာ သိ-ဝိဘတ်သတ်၊ သေသတော လောပံ ဂသိပိ-သုတ်ဖြင့်သိဝိဘတ်ကိုချေ၊ အဿဝနတာပြီး၏။ (သာရတ္ထဋီကာ ၃။၁၅၅)
(တနည်း) အဿဝနတာ-တည်၊ ကာရဏတေ္ထ စ-သုတ်ဖြင့် ကာရဏအနက်၌ ပဉ္စမီသ္မာ- ဝိဘတ်သတ်၊ အာ-ကို ဃ-အမည်မှည့်။ ဃတော နာဒီနံ-သုတ်ဖြင့် သ္မာကို အာယ-ပြု၊ တ-ခွင်း, ချေ, ကပ်။ တေသုဝုဒ္ဓိ ပဉ္စမီနဉ္စ-သုတ်ဖြင့်, ဒုတိယာအနက်, ပဉ္စမီအနက်တို့၌ ဆဠီ သ-ဝိဘတ်သတ်ထားသည်။
၂။ ကာဟသိ-အာချာတ်ရုပ်ကျဥ်းစီရင်ပုံ —
(ကာဟသိ-၏ ကတ္တားကို ဗဟုံ ဗျဉ္ဇနံ-ယူခိုက်)ကရ-တည်၊ ကရ-ကရဏေ-၌ဓာတ်မှည့်၊ ဓာတွန်အ-ချေ၊ ဘဝိဿန္တိ ဿတိ-ဝိဘတ်သတ်၊ တနာဒိတောသြယိရာသုတ်ဖြင့် သြ-ပစ္စည်းသက်၊ ကွစိဓာတုသုတ်ကြီးဖြင့် သြပစ္စည်းကိုချေ၊ ကရဿ သပ္ပစ္စယဿကာဟော-သုတ်ဖြင့် နောက်-ဘဝိဿန္တိ ဝိဘတ်ကြောင့် ကရ်-ဓာတ်ကို ကာဟပြု၍ ဿတိ-မှ ဿကိုလည်းချေ၊ ကွစိဓာတုသုတ်ကြီးဖြင့် (ကာဟတိ-မှ)တိ-ကို သိ-ပြု၊ကာဟသိပြီး၏။
(တနည်း) (ကာဟသိ-၏ ကတ္တားကို တွံ-ဟုထည့်ခိုက်)
ကရ-တည်၊ ဓာတ်မှည့်၊ ဓာတွန် အ-ကိုချေ၊ ဘဝိဿန္တိ တုမှယောဂ ဿသိ ဝိဘတ်သက်၊သြ-ပစ္စည်းသက်၊ သြ-ချေ၊ ကရဿ သပ္ပစ္စယဿ ကာဟော သုတ်ဖြင့် ကရ်-ဓာတ်ကိုကာဟ-ပြု၍၊ ဿဘိ မှ ဿ-ကိုလည်းချေ၊ ကာဟသိပြီး၏။ (မဟာဝါဘာသာဋီကာ ၁။ ၄၉၅)
၄င်း၌ ကရဓာတ်ကို ဟိယျတ္တနီဝိဘတ် ပရဿပုဒ်ဖြင့် ကတ္တုရုပ်စဥ်ပုံ —
အကာ , အကရာ၊အကရူ။
အကရော၊အကတ္ထ , အကရေတ္ထ။
အကံ , အကရံ၊အကမှ , အကရမှ။ (ရူ-၃၂ဝ)
၃။ သန္တုဠေ ဝဏ္ဏေမိ-၌ သန္တုဠိ-အရ အလောဘပြဠာန်းသော မဟာကုသိုလ်စိတ္တုပ္ပါဒ်ကိုရ၏။
ယင်းစိတ္တုပ္ပါဒ်သည် –
-ကိစ္စအားဖြင့် ဇောကိစ္စ၊
-ဒွါရအားဖြင့် ၆-ဒွါရ၊
-ဝတ္ထုအားဖြင့် ဟဒယဝတ္ထု ရံခါမှီ , ရံခါမမှီ (အနေကန်)။
၄။ ဒိသွာ ပဒံ သန္တမနူပဓိကံ-၌ ပဒ-အရ နိဗ္ဗာန်ရ၏။
ယင်း၏ အာရမ္မဏိက တရားများကား-
ဧကန်အားဖြင့် လောကုတ္တရာစိတ်၈-ခု၊
အနေကန်အားဖြင့်
မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ပါး၊
မဟာကြိယာဉာဏသမ္ပယုတ်၄-ပါး၊
အဘိညာဥ်၂-ပါး၊
ဝုဠော၁-ပါး တို့ဖြစ်ပါသည်။
၅။ သာသနာတော်၌ ရှင်ပြုနည်း –
-ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ရိတ်ပယ်စေရမည်၊
-ဖန်ရည်စွန်းသော အဝတ်(သင်္ကန်း)တို့ကို ဝတ်ရုံစေရမည်၊
-လက်ကန်တော့တင်, ရဟန်းတို့၏ ခြေကိုရှိခိုးစေကာ, ဆောင့်ကြောင့်ထိုင်စေပြီး,
လက်အုပ်ချီစေလျက် သရဏဂုံ ၃-ပါးကိုလိုက်ဆိုစေရပါမည်။ (မဟာဝါပါဠိတော်-၁၁၅)
ရှင်သာမဏေပြုလုပ်နိုင်သော အသက်အရွယ်ပမာဏ—
အသက် ၁၅-နှစ်မပြည့်သေးသော်လည်း ကျီးချောက်နိုင်သောအရွယ်မှစ၍ရှင်ပြုပေးနိုင်ပါသည်။ (မဟာဝါပါဠိတော် – ၁၁ဝ)
-ရှင်သာဏေများစောင့်ထိန်းရသော သိက္ခာပုဒ် ၁ဝ-ပါး —
ပါဏာတိပါတာ ဝေရမဏိ
အဒိန္နာဒါနာ ဝေရမဏိ
အဗြဟ္မစရိယာ ဝေရမဏိ
မုသာဝါဒါ ဝေရမဏိ
သုရာမေရယမဇ္ဇပမာဒဠာနာ ဝေရမဏိ
ဝိကာလဘောဇနာ ဝေရမဏိ
နစ္စဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိ
မာလာဂန¨ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဠာနာ ဝေရမဏိ
ဥစ္စာသယန မဟာသယနာ ဝေရမဏိ
ဇာတရူပရဇတပဋိဂဂ္ဂဟဏာ ဝေရမဏိ။
၆။ သိမ်သမုတ်သောအခါ ထားနိုင်သည့် သိမ်နိမိတ်များ —
-တောင်နိမိတ် – ကျောက်နိမိတ်
-တောနိမိတ် – သစ်ပင်နိမိတ်
-လမ်းနိမိတ် – တောင်ပို့နိမိတ်
-မြစ်နိမိတ် – ရေနိမိတ် – တို့ဖြစ်ပါသည်။ (မဟာဝါပါဠိတော်-၁၄၄)
ဆွမ်းခံအိမ်၌ သားရေကြက်ထားသော ကုလားထိုင် ရဟန်း, သာမဏေများထိုင်လျှင်အပ်ပါသည်။ (အိပ်ကား မအိပ်ကောင်းပါ) (မဟာဝါပါဠိတော်-၂၈၃)
၇။ ဝါဆိုဝါကပ်ရခြင်းအကြောင်းကား –
ဘုရားလက်ထက်တော်က ရဟန်းတော်များသည် မြတ်စွာဘုရားက ဝါဆိုဝါကပ်ဘို့ရန် မပညတ်ရသေးသည့်အတွက် ဆောင်းရော နွေရာသီ, မိုးရာသီပါမရှောင် ဥတုသုံးလီခရီး ဒေသစာရီလှည့်လည်သွားလာနေကြပါသည်။ ထိုအခါလူများက ”ဤသာကီဝင်မင်းသား ဘုရားသားတော်ရဟန်းများဟာစိမ်းရှင်သော မြက်သစ်ပင်တို့ကိုနင်းချေလျက်တစ်ခုသောကာယိန္ဒြေရှိသောသတ္တဝါကိုညှင်းဆဲလျက်များစွာသောပိုးကောင်ငယ်ကလေးများကို သေကြေပျက်စီးခြင်းသို့ရောက်စေလျက် ဆောင်းနွေ မိုး ဥတုသုံးလီပတ်လုံး အဘယ်ကြောင့် ဒေသစာရီလှည့်လည်ဘိသနည်း၊ ဤသာသနာပ အညတိတ္ထိယတို့တောင် မိုးအခါ၌ မိုးခိုကာနေကြကုန်သေး၏။ငှက်များတောင် သစ်ပင်ဖျားတို့၌ အသိုက်လုပ်ကာ မိုးတွင်းမိုးခိုကာနေကြကုန်သေး၏။ဘုရားသားတော်ရဟန်းများကား အမြဲတစေခရီးဒေသစာရီလှည့်လည်နေဘိ၏တကား”ဟု ကဲ့ရဲ့ပြစ်တင်ကြပါသည်။ထိုလူတို့ကဲ့ရဲ့သံကို ရဟန်းများကြားပြီး မြတ်စွာဘုရားအားလျှောက်ထားကြလေသော
ကြောင့် မြတ်စွာဘုရားက ဝါဆိုဝါကပ်ဘို့ရန် ပညတ်ရခြင်းဖြစ်ပါသည်။ (မဟာဝါပါဠိတော်-၁၉၂)
ဝါကပ်ရန်မသင့်သောနေရာများကား —
-ရုက္ခသုသိရ = သစ်ခေါင်း၊- ရုက္ခဝိဋဘိယာ = သစ်ပင်ခွကြား
-အဇ္စျောကာသ = လွင်တီးခေါင်၊- ဆဝကုဋိယာ= သူသေကောင်ဖုတ်ရာတဲ၊
-ဆတ္တ = ထီး၊- စာဋိ = အိုးစရည်း။ (မဟာဝါပါဠိတော်-၂၁၂)
၈။ သီလပျက်စီးသူတို့ရရှိမည့်အပြစ် (၅)ပါး —
-မေ့လျော့ခြင်းဟူသောအကြောင်းကြောင့် ကြီးစွာသော စည်းစိမ်ဥစ္စာပျက်စီးခြင်းသို့ ရောက်ခြင်း၊
-မကောင်းသတင်းကျော်စောခြင်း၊
-မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်း ပရိသတ် ၄-ပါးတွင် မည်သည့်ပရိသတ်သို့ချဥ်းကပ်သည်ဖြစ်စေ မရဲမဝံ့ မျက်နှာမသာမယာကြောက်ရွံ့နေတတ်ခြင်း၊
-တွေတွေဝေဝေသေရခြင်း၊
-သေပြီးနောက် အပါယ်ငရဲသို့ရောက်ရခြင်း တို့ဖြစ်ပါသည်။ (မဟာဝါပါဠိတော်-၃၂၂)
-သံဃိကသင်္ကန်းဝေဖန်သောအခါ သာမဏေများအား (ရဟန်းများလို အပြည့်မရဘဲ) ရဟန်းတော်များ၏ထက်ဝက်သောအဖို့ကိုသာပေးရပါမည်။ (မဟာဝါပါဠိတော်-၃၉၈)
-ဤကား အကာလသင်္ကန်းကိုသာလျှင် ရည်ရွယ်၍ဆိုခြင်းဖြစ်သည်။ ကထိန်ခင်းရာ၌ရအပ်သောသင်္ကန်းနှင့်သင်္ကန်းကာလမကုန်မီရအပ်သော ကာလစီဝရသံဃိကသင်္ကန်းများကိုကား ရဟန်းများနှင့်အတူ အညီအမှသာ ဝေဖန်ရပါမည်။ (မဟာဝါပါဠိတော်-၄ဝ၆)
-သာမဏေ၏ မတသန္တကဖြစ်သော သင်္ကန်းသည် သံဃိကဖြစ်ပါသည်။ (မဟာဝါပါဠိတော်-၄၂ဝ)
၉။ ထိုအခါ၌ အမှတ်မထားတစ်ပါးပါးသောရဟန်းအား အိမ်ရှင်မပေးအပ်သော ပိယဆေး ကြောင့်ဖြစ်သော ရောဂါသည်ဖြစ်၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားကြကုန်ပြီ။ ရဟန်းတို့ ထွန်သွား၌ ကပ်ငြိခြင်းရှိသောမြေဖြင့် မွှေနှောက်ခြင်းရှိသောရေကို (ထွန်သွား၌ကပ်သောမြေညက်ရေကို)သောက်စေခြင်းငှာ(တိုက်ခြင်းငှာ)ငါဘုရားခွင့်ပြုတော်မူ၏။ (မဟာဝါပါဠိတော်-၂၉၉)
၁ဝ။ ”အဇ္ဇ သီဟေန သေနာပတိနာ ထူလံ ပသုံ ဝဓိတွာ သမဏဿ ဂေါတမဿ ဘတ္တံ ကတံ၊ တံ သမဏော ဂေါတမော ဇာနံ ဥဒ္ဒိဿကတံ မံသံ မရိဘုဉ္ဇတိ ပဋိစ္စကမ္မံ။” (မဟာဝါပါဠိတော်-၃၃၄)
ဒုတိယဆင့် စူဠဝါ + ပရိဝါပါဠိတော်မေးခွန်း
”အဖြေ ”
၁။ လဟုကာ ကား (လံဃဓာတ်+ဥပစ္စည်း+သွတ္ထကပစ္စည်း+ဣတ္ထိလိင်ဇောတကအာပစ္စည်း ဖြင့်ပြီးသောပုဒ်ဖြစ်ရကား) လံဃုကာ ဟုဆိုလိုလျက် တေသုဝုဒ္ဓိသုတ်ကြီးဖြင့် ဃ-ကို ဟ-ပြု၊ လထက်၌ နိဂဂ္ဂဟိတ်ချေ၍ လဟုကာ-ဟုပြီးပါသည်။
”ယာဝတိကာ”
– ယာဝတာ + ပရိမာဏံ ယေသန္တိ ယာဝတိကာ ။
၂။ သတိဝိနယဿ ကမ္မဿ ကိရိယာ – ၌
ကမ္မဿ-သဒ္ဒါသည် ကံအနက်၌ ဒုတိယာပဉ္စမီနဉ္စသုတ်ဖြင့် ဆဠီ သ-ဝိဘတ်သတ်၍
ပြီးထားသောပုဒ်ဖြစ်ပါသည်။
” ဧကံသံ ”
-ဧကော + အံသော ဧကံသော ၊ တံ ဧကံသံ။
” ဥတ္တရာသင်္ဂ ံ ”
-ဥတ္တရသ္မိံ(ဒေဟဘာဂေ) + အာသင်္ဂေါ ဥတ္တရာသင်္ဂေါ၊ တံ ဥတ္တရာသင်္ဂ ံ ။
-ကတ္တားဟော ဝါကျပြောင်းလဲပုံ —
-ဧတံ ပဥှံ ကုသလာ စိန္တယိံသု။
၃။ ”ဘိက္ခူ သရဘညေ ကုဣစ္စာယန္တိ” ဝါကျ၌ ကုဣစ္စာယန္တိ-ပုဒ်၏ အန္တတ္ထ အရကား- သရဘညဝတ်၌ အပ်သလော, မအပ်သလောဟု ဝိနယကုဣစ္စဖြစ်သော ရဟန်းတို့၏ သန္တာန်၌ သတိ, ပညာပြဠာန်းသော မဟာကုသိုလ်(ကြိယာ) စိတ္တုပ္ပါဒ်ရ၏။
”အဓိဝါသေတု မေ ဘန္တေ ဘဂဝါ သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေန” ၌”မေ” အရ ဖြစ်သင့်သော ပရမတ္ထနာမ်တရား — ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်များကို မနက်ဖြန်ဆွမ်းဘုန်းပေးရန်လျှောက်သော အခြင်းအရာအားဖြင့်ဖြစ်သော သသဒ္ဓါပြဠာန်းသော မဟာကုသိုလ်စိတ္တုပ္ပါဒ်ဖြစ်ပါသည်။
၄။ (၃)နံပါတ်လာ အဓိဝါသေတု-စသောဝါကျစကားအရ ဖြစ်သင့်သော ဝီထိကား — အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစေäဒ၊ မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ထိုနောင် ဘဝင် ဖြစ်ထိုက်သမှဖြစ်၍ ချုပ်၏။
၄င်းဝီထိ၌ ဖြစ်သင့်သော့ရှနောက်ဘဝင်ကား — ကာမသုဂတိဘဝင် ၉-ပါးတို့တွင် တစ်ပါးပါးဖြစ်နိုင်ပါသည်။
မှတ်ချက်။ အကယ်၍ ဆွမ်းစားပင့်သော ပုဂ္ဂိုလ်သည် ဘုရားတရားတော်နာကြားပြီး သောတာပန်ဖြစ်ပြီးမှ ပင့်လျှင်ကား (အရိယာဖြစ်သည်ကိုထောက်၍) မဟာဝိပါက်ဉာဏသမ္ပယုတ်ဘဝင် ၄-ပါးတို့တွင် တစ်ပါးပါးဖြစ်နိုင်ပါသည်။
၅။ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်သောရဟန်း, သာမဏေတို့ရနိုင်သော အကျိုးကား–
-ဝတ်ကိုဖြည့်ကျင့်သောရဟန်း, သာမဏေသည် သီလကိုဖြည့်ကျင့်ရာရောက်ခြင်း၊
-သီလစင်ကြယ်ပြီး, ပညာပြည့်စုံသောရဟန်း, သာမဏေသည် စိတ်၏တည်ကြည်မှုသမာဓိကို ရနိုင်ခြင်း၊
-စိတ်မပျံ့လွင့်ဘဲ တည်ကြည်သောရဟန်း, သာမဏေသည် ကောင်းစွာမဂ် ဖိုလ်တရားကိုမြင်နိုင်ခြင်း၊
-သူတော်ကောင်းတရားမြင်သောရဟန်း, သာမဏေသည် ဝဋ်ဆင်းရဲမှလွတ်မြောက် နိုင်ခြင်း။
ဝတ်ကြီးဝတ်ငယ်ကိုမဖြည့်ကျင့်သောရဟန်း, သာမဏေတို့ရနိုင်သောအကျိုးကား—
-ဝတ်ကိုမဖြည့်ကျင့်သောရဟန်း, သာမဏေသည် သီလကိုဖြည့်ကျင့်သည်မမည်၊
-သီလမစင်ကြယ်, ပညာမရှိသောရဟန်း, သာမဏေသည်စိတ်၏တည်ကြည်ခြင်းကိုမရနိုင်၊
– လေခတ်သောတံခွန်ကဲ့သို့ပျံ့လွင့်သောစိတ်ရှိသော မတည်ကြည်သောရဟန်း, သာမဏေသည် ကောင်းစွာမဂ်, ဖိုလ်, နိဗ္ဗာန်ကို မမြင်နိုင်ခြင်း၊
-သူတော်ကောင်းတရားကို မမြင်သောရဟန်း, သာမဏေသည် ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ခြင်းတို့ဖြစ်ပါသည်။ (စူဠဝါပါဠိတော်-၄၁၆/ရ)
-ခြောက်ခုမြောက် သာသနာတော်၏ အံ့သြဖွယ်—
မဟာသမုဒ္ဒရာသည် တစ်ခုတည်းသော ငန်သောအရသာရှိသကဲ့သို့ – ဤအတူ ဤဓမ္မ , ဝိနယသာသနာတော်သည်လည်း ကိလေသာတို့မှ လွတ်မြောက်သောအရဟတ္တဖိုလ်ဟူသော တစ်ခုတည်းသော ဝိမုတ္တိရသရှိ၏။
ဤကား ဤသာသနာတော်၌ ခြောက်ခုမြောက်အံ့သြဖွယ်ဖြစ်ပါသည်။ (စူဠဝါပါဠိတော်-၄၂၃)
၆။ – သာသနာတော်တွင် ပထမဆုံးကျောင်းဒကာကား—
ရာဇဂြိုဟ်သူဠေးဖြစ်ပါသည်။
-ယင်းဒကာ၏ အကောင်းဆုံးလှူဒါန်းနည်းကား—
အာဂတာ, နာဂတ စာတုဒ္ဒိသသံဃာအား လှူဒါန်းခြင်းပင်ဖြစ်ပါသည်။
-သံဃာတော်များ၏ တာဝန်ရှိရှိအသုံးပြုနည်း—
လေဏတ္တံ=ကိန်းအောင်းမွေ့လျော်စံပျော်ခြင်းငှာ၊
သုခတ္ထံ=ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းငှာ၊
စျာယိတုံ=စျာန်ဝင်စားခြင်းငှာ၊
ဝိပဿိတုံ=ဝိပဿနာပွားခြင်းငှာ အသုံးပြုရပါမည်။
-ဆရာ့တာဝန် —
ထိုကျောင်းဒကာ, ဒကာမများအား ဆင်းရဲဒုက္ခမှန်သမှကို ပယ်နှုတ်ပေးနိုင်သော ရုပ်နာမ်နှစ်ဖြာ လေးသစ္စာဝယ်မှန်စွာသိကြောင်း တရားကောင်းကိုဟောကြားပေးရမည်။
-ဒကာ့တာဝန် —
ကြည်လင်သောသသဒ္ဓါစိတ်ဖြင့် မိမိကျောင်း၌ သီတင်းသုံးသောရဟန်းတို့အား ဆွမ်း,အဖျော်, အဝတ်, အိပ်ရာနေရာ စသည်တို့ဖြင့် လှူဒါန်းရမည်။ (စူဠဝါပါဠိတော်-၂၉၂)
၇။ ”အနုဇာနာမိ သိက္ခဝေ ပတ္တထဝိကံ” ”အနုဇာနာမိ ဘိက္ခဝေ အံသဗဒ¨ကံ ဗန¨နသုတ္တကံ”ဟု သပိတ်အိတ်နှင့် သပိတ်လွယ်ကြိုးတို့ကို မြတ်စွာဘုရားခွင့်ပြုတော်မူသောကြောင့် သပိတ်လွယ်ထားခြင်းသည် အာပတ်မသင့်ပါ။ (စူဠဝါပါဠိတော်-၂၅ဝ)
– ကျန်းမာလျက် မြို့/ရွာအတွင်း၌ ”ထီးမဆောင်းရ, ဘိနပ်မစီးရ” ဟု ပညတ်ထား သောကြောင့် ဘိနပ်စီး, ထီးဆောင်းထားလျက်ဆွမ်းမခံရပါ။ ဒုက္ကဋ်အာပတ်သင့်ပါသည်။ (မဟာဝါပါဠိတော်-၂၈၃/ စူဠဝါပါဠိတော်-၂၆၉/၃၈၆)
-တောရဆောက်တည်သော ရဟန်းတို့ တတ်ရမည့်အတတ်ကား—
-နက္ခတ်အတတ်ကို အလုံးစုံကိုသော်လည်းကောင်း၊ တစိတ်တဒေသကိုသော်လည်းကောင်း သင်ယူထားရပါမည်။ (စူဠဝါပါဠိတော်-၃၈၆)
၈။ – သီလအကျိုး ကြောင်း+ကျိုးဆက်စပ်ပုံ —
(၁)ကိုယ်နှုတ်နှလုံးစောင့်စည်းခြင်းသီလ(သံဝရ)သည် စိတ်နှလုံးမသာမယာမဖြစ်ခြင်း အကျိုးငှာဖြစ်၏။
(၂)စိတ်နှလုံးမသာမယာ မဖြစ်ခြင်းသည် ဝမ်းမြောက်သမှု နုသောပီတိအကျိုးငှာဖြစ်၏။
(၃)ဝမ်းမြောက်သမှု နုသောပီတိသည် ဝမ်းသာရွှင်ပျ ဗလဝပီတိ အကျိုးငှာဖြစ်၏။
(၄)ဝမ်းသာရွှင်ပျ ဗလဝပီတိသည် ကိုယ်စိတ်လန်းဆန်းငြိမ်းချမ်းခြင်းအကျိုးငှာဖြစ်၏။
(၅)ကိုယ်စိတ်လန်းဆန်းငြိမ်းချမ်းခြင်းသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းအကျိုးငှာဖြစ်၏။
(၆)ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းသည် တည်ကြည်စွာဘိသမာဓိ အကျိုးငှာဖြစ်၏။
(၇)တည်ကြည်စွာဘိသမာဓိသည် မဖောက်မပြန်ဟုတ်မှန်တိုင်းပင်သိမြင်သမှု နုသော ဝိပဿနာဉာဏ်အကျိုးငှာဖြစ်၏။
(၈)နုသောဝိပဿနာဉာဏ်သည် ဆင်းရဲဝဋ်ကြီး၌ ငြီးငွေ့နိုင်ကြောင်းကောင်းသောဝုဠာနဂါမိနီဝိပဿနာဉာဏ် အကျိုးငှာဖြစ်၏။
(၉)ဆင်းရဲဝဋ်ကြီး၌ ငြီးငွေ့နိုင်ကြောင်းကောင်းသောဝုဠာနဂါမိနီဝိပဿနာဉာဏ်သည် မတပ်နှစ်သက်ကြောင်း ကောင်းသောမဂ်ဉာဏ်အကျိုးငှာဖြစ်၏။
(၁ဝ)မတပ်နှစ်သက်ကြောင်းမဂ်သည် ကိလေသာအပေါင်းမှလွတ်သော အရဟတ္တဖိုလ် အကျိုးငှာဖြစ်၏။
(၁၁)ကိလေသာအပေါင်းမှလွတ်သော အရဟတ္တဖိုလ်သည် အရဟတ္တဖိုလ်ကိုပင်သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အကျိုးငှာဖြစ်၏။
(၁၂)အရဟတ္တဖိုလ်ကိုပင် သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည် နောင်တဖန်ပဋိသန္ဓေနေခြင်း၏ ကြောင်းမဟုတ်သော ပရိနိဗ္ဗာန်အကျိုးငှာဖြစ်၏။ (ပရိဝါပါဠိတော်-၂၈၈)
”မေတ္တာကာယကံစီမံပေါ်လွင်ပုံ”
သမ္မုခါ(မျက်မှောက်)မေတ္တာကာယကံ
(၁)သီတင်းငယ်ရဟန်းတို့၏ သင်္ကန်းချုပ်ခြင်း, ဆိုးခြင်းစသောအမှုတို့၌ အဖော်အဖြစ်ဝိုင်းဝန်းပြုလုပ်ပေးခြင်း၊
(၂)ထေရ်ကြီးတို့အား ခြေဆေးပေးခြင်း, ယပ်လေခပ်ပေးခြင်း စသော အရိုအသေပြုဘွယ် မှန်သမှပြုလုပ်ပေးခြင်း တို့သည် သမ္မုခါ မေတ္တာကာယကံမည်၏။
ပရမ္မုခါ(မျက်ကွယ်)မေတ္တာကာယကံ
သီတင်းငယ်ရဟန်း , ထေရ်ကြီးရဟန်းတို့ အမှုမဲ့အမှတ်မဲ့ မတော်မရော်ထားမိသော သစ်ဘဏ္ဍာသပိတ်, သင်္ကန်းစသည်တို့ကိုတွေ့မြင်ရာ၌ ထိုသူတို့အပေါ်မှာ အထင်သေးမှု,မထေရ်မဲ့မြင်မှုကိုမပြုဘဲ မိမိကိုယ်တိုင်အမှတ်တမဲ့ထားမိသကဲ့သို့ သိမ်းဆည်းခြင်းသည်ပရမ္မုခါမေတ္တာကာယကံမည်၏။
”မေတ္တာဝစီကံစီမံပေါ်လွင်ပုံ”
သမ္မုခါ(မျက်မှောက်)မေတ္တာဝစီကံ
”ဒေဝထေရ်, တိဿထေရ်”စသည်ဖြင့် တရိုတသေ, တလေးတစား ခေါ်ဝေါ်ပြောဆိုခြင်းသည် သမ္မုခါမေတ္တာဝစီကံမည်၏။
ပရမ္မုခါ(မျက်ကွယ်)မေတ္တာဝစီကံ
ထိုမထေရ်တို့ကျောင်းမှာမရှိချိန် ထိုမထေရ်များကို မေးလာသူအား ”ငါတို့၏ဒေဝထေရ်
ဘယ်မှာတုံးဘုရား၊ ငါတို့၏ တိဿထေရ် ဘယ်မှာတုံးဘုရား၊ ဘယ်အချိန်ပြန်လာမတုံး
ဘုရား”စသည်ဖြင့် မြတ်မြတ်နိုးနိုးပြောဆိုကြောင်းစကားသည် ပရမ္မုခါမေတ္တာဝစီကံမည်၏။ (စူဠဝါအဠကထာ-၁၅၃)
၉။ ယဿ-အကြင်အရိယာပုဂ္ဂိုလ်၏၊ အန္တရတော-စိတ်၌၊ ကောပါ-စိတ်ကိုနောက်ကျုအောင် ဖျက်ဆီးတတ်သော ရာဂစသောကိလေသာတို့သည်၊ (ဝါ)စိတ်ကိုဖျက်ဆီးတတ်သော ဒေါသတို့သည်၊ နသန္တိ-မရှိကုန်၏။
ယော-အကြင်အရိယာပုဂ္ဂိုလ်သည်၊ ဣတိဘဝါဘဝတဉ္စ-ဤသို့သမ္ပတ္တိ, ဝိပတ္တိအားဖြင့်ပြားသောဘဝ, အဘဝကိုလည်း၊ (ဝါ)ဤသို့ကြီးပွားခြင်း, ဆုတ်ယုတ်ခြင်းအားဖြင့်ပြားသောဘဝ, အဘဝကိုလည်း၊ (ဝါ) ဤသို့မြဲခြင်း, ပြတ်စဲခြင်းအားဖြင့် ပြားသောဘဝ,အဘဝကိုလည်း၊
(ဝါ) ဤသို့ကောင်းမှု, မကောင်းမှုအားဖြင့်ပြားသော ဘဝ, အဘဝကိုလည်း၊ ဝီတိဝတ္တော၊လွန်ပြီ။ ဝိဂတဘယံ-ကင်းသောဘေးရှိသော၊ သုခိံ-ချမ်းသာရှိသော၊ အသောကံ-သောကမရှိသော၊ တံ-ထိုအရိယာပုဂ္ဂိုလ်ကို၊ (ဝါ) ထိုပုဂ္ဂိုလ်၏စိတ်ကို၊ ဒေဝါ-နတ်တို့သော်မှလည်း၊ ဒဿနာယ-သိမြင်ခြင်းငှာ၊ နာနုဘဝန္တိ-မရနိုင်ကြကုန်။(တဿ-ထိုအရိယာပုဂ္ဂိုလ်ကို၊ ဒဿနံ-ဖူးမြင်ရခြင်းကို၊ ဒေဝါနမ္ပိ-နတ်တို့သော်မှလည်း၊ဒုလ္လဘံ-ရနိုင်ခဲကုန်၏။) (စူဠဝါပါဠိတော်-၃၄၁၊ စူဠဝါအဠကထာ-၁၁ဝ) (စူဠဝါဘာသာဋီကာ-၆၂၁)
၁ဝ။ ဒဏ္ဍနေကေ ဒမယန္တိ ၊ အင်္ကုသေဟိ ကသာဟိစ။
အဒဏ္ဍန အသတေ္ထန ၊ နာဂေါ ဒန္တော မဟေသိနာ။ (စူဠဝါပါဠိတော်-၃၅၇)
တတိယဆင့် ပါရာဇိကဏ် – ပါစိတ်မေးခွန်း
”အဖြေ ”
၁။ – အာနေဉ္ဇံ – ကား—
အနိဉ္ဇ ပုဒ် + ဏပစ္စည်း၊ (ဘာဝတဒ္ဓိတ်)၊
ထိုတွင် အနိဉ္ဇ – ကား—
န ပုဒ် + ဣဉ္ဇ ပုဒ်၊ (ဆဠီ ဗဟုဗ္ဗီသမာသ်)၊
ဣဉ္ဇ – ကား—
ဣဉ္ဇ ဓာတ် + အ ပစ္စည်း၊ (ကတ္တုသာဓနကိတ်ပုဒ်)
– သမယာ – ကာရကရုပ်ကျဥ်း —
သမယ-တည်၊ ဓာတုနာမာန သုတ် အပိသဒ္ဒါဖြင့် အညတြ နိပါတ်အယှဥ်အပါဒါန်အမည်မှည့်၊ အပါဒါနေပဉ္စမီသုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီသ္မာဝိဘတ်သတ်။
(တနည်း) ဓာတုနာမာနသုတ်အပိသဒ္ဒါဖြင့်ပင် သ္မာဝိဘတ်သက်၊
(တနည်း) အညတြ ယောဂေ ပဉ္စမီဒုတိယာစ-ဟူသော သဒ္ဒနီတိသုတ်ဖြင့် အညတြသဒ္ဒါ၏ အယှဥ်(ကံအနက်၌) ပဉ္စမီသ္မာသက်၊ သ္မာကို အာ-ပြု၊ ယခွင်း, ချေ, ကပ်၊ သမယာပြီး၏။
– ဥဒုက္ခလံ ဝိဂဂ္ဂဟ —
ဥဒ္ဓံ + ခံ + လာတိဂဏှာတီတိ ဥဒုက္ခေလံ။
၂။ – အဎာ – ကား — အာပုဗ္ဗ စျေဓာတ် + အပစ္စည်း (အဘိဓာန်ဋီကာ၊ ၇၂၅)
၄င်းဓာတ်ကို ဝတ္တမာန် ပရဿပုဒ်ဝိဘတ်ဖြင့် ကတ္တုရုပ်စဥ်ဟန် —
စျာယတိ ၊ စျာယန္တိ ။
စျာယသိ ၊ စျာယထ ။
စျာယာမိ ၊ စျာယာမ ။
အပိစ – ကား ဂရဟာဇောတကတ္ထ နိပါတသမုဒါယတည်း။
၃။ – သာ တေန ဂဗ္ဘံ ဂဏှိ – ၌ ဂဗ္ဘ-အရ
ရှင်သုဒိန်၏ ပဋိသန္ဓေစိတ်ဖြစ်သော ပဋိသန္ဓေကိစ္စတပ်သော မဟာဝိပါက်ဉာဏသမ္ပယုတ် စိတ်(၄)ပါးတို့တွင် တပါးပါး၊ စေတသိက် ၃၃၊ ကာယဒသကကလာပ်, ပုမ္ဘာဝဒသကကလာပ်, ဝတ္ထုဒသကကလာပ် (၃)စည်းတို့ကိုရ၏။
ထိုတွင် ပဋိသန္ဓေစိတ်သည် ဖြစ်သင့်သည်အားလျော်စွာ များသောအားဖြင့် ဘဝတပါး၌ဆဒွါ ရိကမရဏာသန္နဇောသည်ယူအပ်သော ပစ္စုပ္ပန်, အတိတ်ဖြစ်သော, ပညတ်လည်းဖြစ်၍ဖြစ်သောကံ, ကမ္မနိမိတ် ၃-မျိုးတို့တွင် တပါးပါးဟုဆိုအပ်သော အာရုံ ၆-ပါးကိုအာရုံပြုပါသည်။
– ဂဗ္ဘ – အရ တရားကို အာယတနဖွဲ့ပုံ –
ကာယဒသကကလာပ်၌ ကာယပသာဒသည် ကာယာယတန၊ ကလာပ်(၃)စည်း၌ ဝဏ္ဏသည်ရူပါယတန၊ ဂန¨သည် ဂန¨ာယတန၊ ရသသည် ရသာယတန၊ ပထဝီ, တေဇော, ဝါယောတို့သည် ဖောဠဗ္ဗာယတန၊ ပဋိသန္ဓေစိတ်သည် မနာယတန၊ စေတသိက်တိံသနှင့်, ကျန်ရုပ်တရားများသည် ဓမ္မာယတနတို့ဖြစ်ပါသည်။
၄။ ”ရာဂါ စိတ္တံ ဝိနီဝရဏတာ” ၌ စိတ္တံ – အရ
လောကုတ္တရာစိတ် (၈)ပါးရ၏။ ယင်း၏ သမ္ပယုတ်ကား —
အညသမာန်း စေတသိက် ၁၃၊
သောဘနသာဓာရဏ ၁၉၊
ဝိရတီစေတသိက် ၃၊
ပညိန္ဒြေ ၁၊
ပေါင်း ၃၆၊ ပါး ဖြစ်ပါသည်။
ယင်း၏ အရုံကား — နိဗ္ဗာန်ဖြစ်ပါသည်။
ဝီထိပုံစံ — သောတာပတ္တိမဂဂ္ဂဝီထိ
တိက္ခ။န ၊ ဒ ၊ မ ၊ ဥ ၊ နု ၊ ဂေါ ၊ မဂ် ၊ ဖ ၊ ဖ ၊ ဖ ၊ ဘ ။
မန္ဒ။န ၊ ဒ ၊ မ ၊ ပ ၊ ဥ ၊ နု ၊ ဂေါ ၊ မဂ် ၊ ဖ ၊ ဖ ၊ ဘ ။
အထက်မဂ် ၃-ပါးဝီထိ
တိက္ခ။န ၊ ဒ ၊ မ ၊ ဥ ၊ နု ၊ ဝေါ ၊ မဂ် ၊ ဖ ၊ ဖ ၊ ဖ ၊ ဘ ။
မန္ဒ။န ၊ ဒ ၊ မ ၊ ပ ၊ ဥ ၊ နု ၊ ဝေါ ၊ မဂ် ၊ ဖ ၊ ဖ ၊ ဘ ။
”ပထမံ စိတ္တံ ဥပ္ပန္နံ” ၌
စိတ္တံ – အရ ပဋိသန္ဓေစိတ် (၁၉)ပါးပစ္စည်းတရားက ဥပ္ပန္နံ – အရ သမ္ပယုတ်ဖြစ်သော စေတသိက် ၃၅-ပါး သမ္ပယုတ္တက္ခန္ဓာ ပစ္စယုပ္ပန်တရားအား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပြိုင်နိုင်သော ပစ္စယသတ္တိများကား —
အဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣနြ္ဒိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊
အဝိဂတ၊ ပေါင်း(၉)ပစ္စယသတ္တိဖြစ်ပါသည်။ (ကြီး ၄၊ ည၊ ဝိ၊ သံ၊ ဟာ၊ ဣံ = ၉)
၅။ သူတပါးပိုင်ကျောင်းကို (က)တရားစွဲသောရဟန်းအား —
-တရားစွဲအံ့ ဒုက္ကဋ်အာပတ်၊
-ပိုင်ရှင်အား ယုံမှားမှုဖြစ်စေအံ့ ထုလ္လစ္စည်းအာပတ်၊
-ပိုင်ရှင်သည် ”ငါ့အားမဖြစ်တော့လတ္တံ”ဟုစိတ်နှလုံးဒုံးဒုံးချအံ့ ပါရာဇိကအာပတ်သင့်ပါသည်။
(ခ)စောဒကကို အနိုင်ဆုံးဖြတ်ပေးသော (ဝိနည်းဓိုရ်၊ ကူဋသက်သေ)ရဟန်းများအားလည်း ပါရာဇိကအာပတ်သင့်ပါသည်။ (ပါရာဇိကဏ်ပါဠိတော်-၆၁/အဠကထာ-၁၊၂၉၅)
၆။ အိမ်ရှင်မအား ဆွမ်းခံထိုင်ကိုယ်တော်က ကိုယ်ဝန်ချဆေးပေးရာ၌ —
(က)ကိုယ်ဝန်ပျက်သော်ပါရာဇိကအာပတ်၊
(ခ)အိမ်ရှင်မသေသော်ထုလ္လစ္စည်းအာပတ်၊
(ဂ)နှစ်ဦးလုံးမသေသော်ထုလ္လစ္စည်းအာပတ်၊ (ပါရာဇိကဏ်ပါဠိတော်-၁ဝ၇/၁ဝ၈)
ရန်သူထင်၍သတ်ရာ မိတ်ဆွေကိုသတ်မိသောရဟန်းအားပါရာဇိကအာပတ်သင့်ပါသည်။ (ပါရာဇိကဏ်ပါဠိတော်-၁ဝ၉)
၇။ ဝိကာလ၌ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ကိုသုံးဆောင်သောရဟန်းအားပါစိတ်အာပတ်သင့်ပါသည်။ (ပါရာဇိကဏ်ပါဠိတော်-၁၁၅)
(က)အမျိုးသမီးပတ်ထားသောလက်ပတ်နာရီကိုကိုင်သောရဟန်းအားထုလ္လစ္စည်း အာပတ် သင့်ပါသည်။ (ပါရာဇိကဏ်ပါဠိတော်-၁၇၉)
(ခ)အမျိုးသမီး၏လက်မောင်းကိုချီးမွမ်းသောရဟန်းအားလည်း ထုလ္လစ္စည်း အာပတ် သင့်ပါသည်။ (ပါရာဇိကဏ်ပါဠိတော်-၁၈၉)
၈။ ကထိန်နှုတ်ခြင်းကို ခွင့်ပြုခြင်းအကြောင်းအတ္ထုပတ် —
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝယ် သီတင်းသုံးနေတော်မူစဥ်အခါဥပါသကာ တစ်ယောက်သည် သံဃာကိုရည်စူး၍ ကျောင်းဆောက်လုပ်စေ၏။ ထိုဥပါသကာသည်ထိုကျောင်းရေစက်ချပွဲ၌ ဘိက္ခု, ဘိက္ခုနီနှစ်ဘက်သောသံဃာအားအကာလသင်္ကန်းလှူလို၏။ ထိုအချိန်တွင် ဘိက္ခု, ဘိက္ခုနီနှစ်ဘက်သောသံဃာအား ကထိန်ခင်းအပ်ပြီးဖြစ်လေ၏။ထိုအခါ ထိုဥပါသကာသည် သံဃာထံချဥ်းကပ်၍ ကထိန်နှုတ်ခြင်းကိုတောင်းပန်ပြီး၊ ထိုအကြောင်းကိုဘုရားအားလျှောက်ထားလေလျင် ဘုရားရှင်က ကထိန်နှုတ်ခွင့်ပြုတော်မူ၏။ (ပါစိတ်ပါဠိတော်-၃၇၇)
-ကထိန်ထပ်ခင်းခြင်းငှာ ကထိန်မနှုတ်ကောင်းပါ။
၉။ – (အလိုက်မသိ)တောင်းတတ်သူသည် အမုန်းခံရတတ်၏။
– တောင်းသည့်ပစ္စည်းဝတ္ထုကို မပေးသူသည်လည်း အမုန်းခံရတတ်၏။
-ထို့ကြောင့်ကျွန်ုပ်သည် သင်ဖခင်ကို ”သားဖြစ်သူကျွန်တော်အပေါ်၌မုန်းမည်စိုး၍” မတောင်းပါ။ (ပါရာဇိကဏ်ပါဠိတော်-၂၂၃)
၁ဝ။ ကထံ ဟိ နာမ ဘဒ္ဒန္တာ မယာ နိမန္တိတာ အညတြ ဘုဉ္ဇိဿန္တိ၊ န စာဟံ ပဋိဗလော
ယာဝဒတ္ထံ ဒါတုံ။ (ပါစိတ်ပါဠိတော်-၁ဝ၃)